အသား ဖြူဖပ်ဖြူရော် ဖြစ်ခြင်း
25-Feb-2017
အနီရောင် အသား အစားနည်းလွန်းတာကြောင့် ဖြစ်တတ်တဲ့ သံဓာတ် ချို့တဲ့ သွေးအားနည်း ရောဂါဟာ တစ်ကမ္ဘာလုံးမှာ ၁ ဒသမ ၆ သန်းခန့် ရှိပါတယ်။ ရောဂါ လက္ခဏာ အနေနဲ့ အသားရောင် ဖြူဖပ်ဖြူရော် ဖြစ်တာနဲ့ တစ်ခါတလေ မျက်ကွင်းညိုတာတွေ ပြတတ်ပါတယ်။ မောပန်းတာနဲ့ အပင်ပန်း မခံနိုင်တာတွေ ဖြစ်တတ်တာကလည်း သံဓာတ် ချို့တဲ့နေတာကြောင့် ကြွက်သားတွေမှာ အောက်ဆီဂျင် လုံလုံလောက်လောက် မရှိတဲ့အတွက်ပါ။ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်း aရာဂါဖြစ်တာကြောင့် အရေပြားအတွင်း သွေးလုံ လုံလောက်လောက် မရရှိဘဲ အသားအရေ ဖြူဖပ်ဖြူရော် ဖြစ်သွားတာပါ။
ဘာလုပ်သင့် သလဲ
-----------------------
အနီရောင် အသားတွေမှာ လူ့ခန္ဓာကိုယ်မှာ တွေ့ရှိရတတ်တဲ့ သံဓာတ် အမျိုးအစား ပါဝင်တဲ့ အတွက် အဲဒီ အသားတွေကို များများ စားသုံးပေးပါ။ ပဲနီလေး၊ ပဲဝါလေး၊ ပဲအမျိုးမျိုးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာလည်း သံဓာတ်တွေ ပါဝင်ပေမယ့် ခန္ဓာကိုယ်က ကောင်းမွန်စွာ မစုပ်ယူနိုင်ပါဘူး။ သံဓာတ် ကောင်းမွန်စွာ စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေပါ တွဲစားဖို့ လိုအပ်ပါတယ်။ ဥပမာ အားဖြင့် ပဲနီလေးဟင်းနဲ့ ခရမ်းချဉ်သီး တွဲချက်စားတာ၊ ကန်စွန်းရွက်နဲ့ ငရုတ်သီးစိမ်း ရောကြော်စားတာ၊ ဒါမှမဟုတ် ထမင်းစားပြီး ဗီတာမင် စီ ကြွယ်ဝတဲ့ လိမ္မော်သီး စားတာမျိုးတွေ ပြုလုပ်ပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, September 2016, No.278,Pg.114
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

